Kan Thar Yar International Specialist Hospital

       7.17 K   View

Category: Hospitals - Private

Kan Thar Yar International Specialist Hospital

  87, Pyay Rd., 6 ½ Mile, Hlaing Tsp., Yangon

   01-505284,  09-30511111

  info.ktyhospital@gmail.com

  www.ktyhospital.com

  Company Info..

 ယနေ့ခေတ်စနစ်နှင့်အညီ နိုင်ငံတော်ကြီးကို အဘက်ဘက်မှ တိုးတက် အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နေချိန်မှာ ပြည်သူလူထုရဲ့ ကျန်းမာ ရေး ကဏ္ဍဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါတယ်။

   “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်တာကြောင့် ကျန်းမာရေးကောင်းမွန်အောင် အထောက်အကူပြုမယ့် ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများမှာလည်း မရှိမဖြစ် လိုအပ်လာပါတယ်။

ထိုလိုအပ်ချက်ကို တတပ်တအား ဖြည့်ဆည်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၈၇)တွင် နိုင်ငံတကာ အဆင့်မီ ကန်သာယာ နှလုံးအထူးကုဆေးရုံကြီးအား ၂၀၁၅ ခုနှစ် မေလမှ စတင်ဆောက်လုပ်ခဲ့ပြီး အခုဆိုရင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆေးရုံ အဆောက်အဦမှာ (၈)ထပ်ခွဲ ဖြစ်ပြီး-

မြေညီထပ်တွင် Main Lobby၊ ဧည့်ကြိုဌာန၊ Cashierဌာန၊ Cafeteria၊ Convenience Store၊ ပြင်ပလူနာဌာန၊ အရေးပေါ်ကုသမှုဌာန၊ ဆေးကောင်တာ နှင့် ပုံရိပ်ဖော်ဌာနတို့ ပါရှိမှာ ဖြစ်ပါတယ်။

Customer များ ဆေးရုံအတွင်း သွားလာရ လွယ်ကူစေရန်အတွက် ဆေးရုံအဆောက်အဦတွင် ဓါတ် လှေကား (၈)စီးနှင့် စက်လှေကား (၄) စီး တပ်ဆင် ထားပါတယ်။

Mezzanine Floor တွင် နှလုံးပြင်ပလူနာဌာန၊ နှလုံးသွေးကြောစမ်းသပ်ကုသခန်းများ၊ နှလုံးအထူး ကြပ်မတ်ကုသမှု ဌာန၊ Day Care ဌာနများနှင့် ဓာတ်ခွဲဌာနတို့ ပါရှိပါတယ်။

ပထမထပ်တွင် ခွဲစိတ်ခန်းမကြီး၊ အထူးကြပ်မတ် ကုသမှုဌာန၊ ပြန်လည်သန်စွမ်းရေးဌာနနှင့် ပေါင်းတင် ပိုးသတ်ခန်းတို့ ပါရှိပါတယ်။

 ဒုတိယအထပ်တွင် ကျောက်ကပ်ကုသမှုဌာန၊ ကျောက် ကပ်ခွဲစိတ်ကုသမှုဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာကုသမှုဌာနနှင့် အတွင်းလူနာခန်းများပါရှိပါတယ်။

တတိယအထပ်မှ သတ္တမအထပ်ထိ (၁)ယောက်ခန်း၊ (၂)ယောက်ခန်း၊ (၄)ယောက်ခန်းနှင့် အထူးခန်း စသည့် အတွင်းလူနာခန်းများပါရှိပါတယ်။စုစုပေါင်း အတွင်းလူနာ(၃၀၀) အား ပြုစုကုသပေးနိုင်မှာ ဖြစ်ပါတယ်။

နှလုံးကုသမှုဌာနတွင် နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ များအား Philips Biplane Angiography Machine, Philips Affinity 70G Echo Machine, Treadmill, Holter, ECG စသည့် နောက်ဆုံးပေါ်နိုင်ငံတကာအဆင့်မီ စက်ကိရိယာကြီးများဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသမှုများအား (၂၄)နာရီ ဝန်ဆောင်မှု ပေးမှာဖြစ်ပါတယ်။

 ဒါ့အပြင် နှလုံးအထူးကြပ်မတ်ကုသမှုဌာန၊ Day Care ဌာနများလည်း ပါဝင်ဖွဲ့စည်းထားပါတယ်။

နှလုံးခွဲစိတ်ကုသမှုဌာန အနေဖြင့်လည်း နှလုံးအဆို့ရှင် ခွဲစိတ်ကုသ မှုများ၊ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှုများအားဝါရင့်  နှလုံးခွဲစိတ် ပါရဂူကြီးများဖြင့် နိုင်ငံတကာအဆင့်မီ Modular OT ခွဲစိတ်ခန်းမကြီးများတွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောက်ကပ်ကုသမှုဌာနအနေဖြင့် နောက်ဆုံးပေါ် ကျောက် ကပ်သွေးသန့်စင်စက် (၁၅)လုံးတပ်ဆင်ထားရှိပြီး ကျောက်ကပ် ဆိုင်ရာ ရောဂါများနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း၊ အတွင်းလူနာ အနေဖြင့်ကုသမှုပေးခြင်း၊ကျောက်ကပ်သွေးသန့်စင်ပေးခြင်း၊ ကျောက်ကပ် အစားထိုးပြီး နောက်ပိုင်း ကုသမှုပေးခြင်းနှင့် ကျောက်ကပ်အသားစယူခြင်း စသည်တို့အားကျွမ်းကျင်သမားတော်ကြီးများမှကုသမှုများ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

ကျောက်ကပ် ခွဲစိတ်ကုသမှု ဌာနအနေဖြင့် ESWLဖြင့် ကျောက်ခြေခြင်း၊ လေဆာဖြင့်ကျောက်ခြေခြင်း၊ မှန်ပြောင်းဖြင့် ဆီးလမ်းကြောင်း အတွင်းရှိကျောက်အား ဖယ်ရှားခြင်း၊ ကျောက်ကပ် အသားစယူခြင်း၊ ဆီးကျိတ်ဆိုင်ရာ ခွဲစိတ်ကုသခြင်းနှင့် ကျောက်ကပ် ဆိုင်ရာရောဂါများအား အပေါက်ငယ်ဖောက်ပြီး နာကျင်မှုမရှိပဲခွဲစိတ် ကုသခြင်းတို့အား ကျွမ်းကျင်ကျောက်ကပ်ခွဲစိတ်ကု ပါရဂူကြီးများမှ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပုံရိပ်ဖော်ဌာနအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ပုံရိပ် ဖော်စက် များဖြစ်သည့် Philips 3T MRI, Philips 256 Slices CT Scanner, Philips Ultrasound, Philips Digital X-ray စသည့် ပုံရိပ်ဖော်စက်ကြီးများ တပ်ဆင်ထားပြီး ကျွမ်းကျင်ပါရဂူကြီးများမှ (၂၄)နာရီ ရောဂါရှာဖွေမှုများ၊တိုင်ပင်ဆွေးနွေးမှုများ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

ဓာတ်ခွဲဌာနအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းသုံးစက် ပစ္စည်းများ တပ်ဆင်ထားပြီး ဓာတ်ခွဲအဖြေများ မှန်ကန်မှုရှိစေရန်အတွက် ဩစတြေးလျနိုင်ငံရှိ National Reference Laboratory (NRL)၊ Royal Collage of Pathology, Melbourne တို့နှင့်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါတယ်။ ထို့အပြင် ဓာတ်ခွဲအဖြေများ၊ ဓာတ်မှန်အဖြေများအား Laboratory Information System(LIS) ၊ Radiological Information System(RIS) တို့မှတဆင့် Hospital Information System(HIS) နှင့်ချိတ်ဆက်၍ အချိန်နှင့် တပြေးညီ လွယ်ကူလျင်မြန်စွာ ကုသမှုများ ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက်ထားပါတယ်။

လူနာခန်းများ အနေဖြင့် Premium Royal Suite, Royal Suite, Superior Deluxe, Deluxe, Superior, 2 Bedded Room, 4 Bedded Room, 5 Bedded Room ဟူ၍ အမျိုးအစား (၈)မျိုး ခွဲခြားထားရှိပါတယ်။

အရေးပေါ် ဝန်ဆောင်မှုများအနေဖြင့် (၂၄/ရ) အရေးပေါ်ကုသမှု Team အမြဲအဆင်သင့် ရှိနေမည်ဖြစ်ပြီး အရေးပေါ် သယ်ယူ ပို့ဆောင်ရေးအနေဖြင့် Ambulance ကားများ၊ Speed Boatများ၊ ရဟတ်ယာဉ်များ စီစဉ်ထားရှိပါတယ်။

ဆေးရုံ၏ Customer များအတွက် အထွေထွေဝန်ဆောင်မှုများအဖြစ် Kan Thar Yar Feel Food Court, Kan Thar Yar Feel Cafeteria, Convenience Store, ATM Machineများ, Free Wifi Internet ဝန်ဆောင်မှုများပါ ဆောင်ရွက်ထားရှိပါတယ်။

ဆေးရုံ၏ Hospital Waste Management System အနေဖြင့် Waste အမျိုးအစားများ စနစ်တကျ ခွဲခြား၍ ထွက်ရှိလာသော Solid waste များအား Bertin Machine ဖြင့် အဆင့်ဆင့် ကြိတ်ချေ၍ နောက်ဆုံးထွက်ရှိလာသော Final Waste အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ချိတ်ဆက်၍ စနစ်တကျ စွန့်ပစ်နိုင်ရန် စီစဉ် ဆောင်ရွက် ထားပါသည်။ Liquid Waste များအား အဆင့်ဆင့် Treatment ပြုလုပ်၍ စည်ပင်သာယာရေဆိုးမြောင်းအတွင်းသို့ စနစ်တကျ စွန့်ပစ်သွားမည် ဖြစ်ပါတယ်။

ဆေးရုံအနေဖြင့် Customer များအတွက် အထွေထွေနှင့်နှလုံးဆိုင်ရာ ကျန်းမာရေးပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထား ရှိပါတယ်။

နွေးထွေးပျူငှာပြီး မိသားစုဆန်သော ဝန်ဆောင်မှုများ၊ အတွေ့အကြုံ ရှိသော သမားတော်ကြီးများ၊ ခေတ်မီစက်ပစ္စည်းကိရိယာများနှင့် (၂၄)နာရီ(ရ)ရက် ပတ်လုံးသင့်အတွက် အမြဲအသင့်ရှိနေပြီး သင့်ကို စိတ်ကျေနပ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။


  Product & Services


   နှလုံးသွေးကြောရောဂါအထူးကုများ (Cardiac Physicians)
   နှလုံးခွဲစိတ်အထူးကုများ (Cardiac Surgeons)
   နှလုံးလျှပ်စီးပတ်လမ်းဆိုင်ရာ အထူးကုများ (EP Cardiac Physicians)
ေ ကျာက်ကပ်နှင့်ဆီးလမ်းကြောင်းဆိုင်ရာအထူးကုများ (Uro Physicians)
   ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်ဆရာဝန်များ (Uro Surgeons)



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories