Entertainment



မောင့်အိမ်သူဇာတ်ကားထဲက ပုံတွေနဲ့ တိုက်ခိုက်ခံနေရတဲ့ လှယဉ်ကျေး


မကြာခင် ရုံတင်ပြသတော့မယ့် မုဒြာခေါ်ရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ လှယဉ်ကျေးတစ်ယောက် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတာပါ။
သူမပါဝင်ထားတဲ့ မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားထဲက ဦးလူမင်းနဲ့ အတူ သရုပ်ဆောင် ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်ပြီး မဟုတ်တာတွေ ရေးကာ သူမကို တိုက်ခိုက်နေကြတာ ဖြစ်တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"မုဒြာရဲ့ခေါ်သံ ...တင်ခါနီးမှ မောင့်အိမ်သူထဲကဦးလူမင်းနဲ့ဇာတ်ဝင်ခန်းတွေဖြတ်ပြီး မဟုတ်တာတွေရေးနေတာ ဘာလို့ ပါလဲ။မောင့်အိမ်သူ.. အပျော်မယ် မိန်းကလေး ဇာတ်ရုပ်မှာ ဇာတ်အလိုကျ ရွံစရကောင်အောင် မိတ်ကပ်၊ ဆံပင်၊အဝတ်စား၊ အမူယာကအစ တစ်စိမှ မေတ္တာ မထားနိုင်အောင် သရုပ်ဆောင်ခဲ့တယ်။
မုဒြာခေါ်သံ... ရိုးရိုးယဉ်ယဉ်မြန်မာ မိန်းကလေး၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကိုချစ်မြတ်နိုးသူ၊ အဝတ်စား၊ အမူယာ၊ အပြောဆို ကအစ ငေချာ ပြင်ဆင်ပြီးသရုပ်ဆောင်ခဲ့ပါတယ်။
၂ ကားလုံးမှာ လိုအပ်တာတွေတော့ရှိမှာပါ။ဒါပေမယ့် မောင့်အိမ်သူကြည်ပြီးတွေ မုဒြာခေါ်သံကြည်ပြီးရင် ဇာတ်ရုပ်နှစ်ခုကို ဘယ်လောက်အောင်ပြင်ဆင်ထား သရုပ်ဆောင်ထားလဲ သိမှာပါ။
ဦးလူမင်းနဲ့ပုံတွေကို ဇာတ်ဝင်ခန်းထဲကဖြတ်ပြီး အပြင်ကတကယ့်ပုံတွေလို caption တွေရေးတင်နေတာ ဘာရည်ရွယ်ချက်ပါလဲ " ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။
သရုပ်ဆောင် တစ်ယောက်အနေနဲ့ မတူတဲ့ ဇာတ်ရုပ်နှစ်ကို ကွဲထွက်အောင် သရုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်ဆိုပြီး သူမက ဆက်လက်ပြောပြထားပါသေးတယ်။
လှယဉ်ကျေးအနေနဲ့ မောင့်အိမ်သူ ဇာတ်ကားထဲမှာ အပျော်မယ်တစ်ယောက်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်အရှိန်ပိုမိုမြင့်စေခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Sourced from Duwun

18,March,2k18




အခုဆိုရင် Selena Gomez က Coach အတွက် design တွေဖန်တီးနေပါပြီ


Selena Gomez ကအခုလက်ရှိ Coach ရဲ့ ready-to-wear တွေကိုဖန်တီးတဲ့ ဒီဇိုင်နာတစ်ဦးပါ။
ဒီ fashion house ကဆိုရင် Coach x Selena Gomez ရဲ့ 2018 fall collection အတွက်ပူးပေါင်းမယ်ဆိုပြီး တရားဝင်ကြော်ငြာထားပြီးသားဖြစ်ပြီး ဒီ collection မှာဆိုရင် အပေါ်ထပ်အင်္ကျီတွေ၊ အဝတ်အစား၊အိတ်၊ သားရေအသုံးပြုပစ္စည်းတွေ နှင့် အခြားသော accessories တွေပါဝင်သွားမှာပါ။ Selena ကလည်းပြီးခဲ့တဲ့ညက သူ့ရဲ့ official instagram account မှာ "So grateful I got to work on this with @stuartvevers. Can’t wait to show you this fall." ဆို ပြီးပုံလေးနဲ့တကွတင်ထားတာကိုတွေ့ရပါသေးတယ်။ Selena က Coach ရဲ့ creative director ဖြစ်သူ Stuart Vevers နဲ့ collaboration အတွက်အလုပ်တွဲလုပ်နေတာဖြစ်ပြီးသူ့ instagram မှာ collaboration ထဲပါဝင်မှာဖြစ်တဲ့ lace & pastels အတွဲအစပ် အင်္ကျီအပိုင်းအစလေးပုံကိုတင်ထားတာဖြစ်ပါတယ်။ Gomez ကရှေ့မှာလဲ Coach နဲ့ပူးပေါင်းထားတဲ့ accessories အချို့ကိုလဲ ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Fall တစ်လျှောက်လုံး သူတို့ပူးပေါင်းဖန်းတီးထားတဲ့ Selena Grace handbag ကို public မှာကိုင်ဆောင်အသုံးပြုနေတာလဲတွေ့ထားကြပြီးဖြစ်မှာပါ။

Sourced from Moda

18,March,2k18




၂၀၁၇ အကယ်ဒမီရဲ့ ထူးခြားချက် ခုနစ်ချက်


(၁)နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပထမဆုံးအကြိမ် တက်ရော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားသို့ ပထမဆုံး အကြိမ် တက်ရောက်ချီးမြှင့်ခဲ့ သည်။

‘‘ကျွန်မ ဒီအခမ်းအနားကို တက်ရတဲ့အကြောင်းက ရိုးရိုး လေးပါပဲ။ ကျွန်မတို့ကို အများကြီး ကူညီခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် တွေက အစိုးရဖြစ်မှ သူတို့ကို ပစ်ထားတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကြားရပါတယ်။ ပစ်ထား တာမဟုတ်ပါဘူးဆိုတာ ပြချင်လို့ ကျွန်မတက်တာပါ’’ဟု ၎င်း၏ အမှာစကားတွင် ထည့်သွင်းပြော ကြားသည်။ မြန်မာ့ရုပ်ရှင်အ တွက် အစိုးရအနေဖြင့် တတ်အားသရွေ့ ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်အနုပညာရှင်များအနေဖြင့်လည်း စံနမူနာဖြစ်အောင် နေထိုင်ကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားသည်။
တစ်သက်တာထူးချွန်ဆုစတင်ပေးအပ်

ယခုနှစ် အကယ်ဒမီဆုချီး မြှင့်ပွဲတွင် ယခင်က ပေးအပ်ဖူး ခြင်းမရှိသည့် တစ်သက်တာ ထူး ချွန်ဆုကို သက်ကြီးဝါကြီးအနု ပညာရှင် ဗိုလ်ကလေးတင့်အောင် အား ချီးမြှင့်ခဲ့သည်။ ဗိုလ်ကလေးတင့်အောင်သည် အသက်(၉၆)နှစ်ရှိပြီဖြစ်ပြီး နိုင်ငံတော်က ချီးမြှင့်ထားသည့် စည်သူဘွဲ့အပါအဝင် လူမှုထူးချွန်ပထမအဆင့်၊ အမျိုးသားစာပေဆု၊ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ အပါအဝင် ဆုများစွာရရှိထားပြီး မြန်မာ့ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦးလည်းဖြစ်သည်။

 ဗိုလ်ကလေးတင့်အောင် သည် ၁၉၄၀ ပြည့်နှစ် အသက်(၁၈)နှစ်အရွယ်ကပင် ဂီတပညာ ကို လေ့လာသင်ကြား၍ တေးသီချင်းများစွာ စတင်ရေးသားခဲ့ သည်။ ၁၉၄၉ တွင် ဒဂုန်ဆရာတင်ထံမှ ပြဇာတ်ပညာသင်ကြား ၍ ဗိုလ်ကလေးတင့်အောင်အမည်ဖြင့် ပြဇာတ်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သီချင်းရေးဆရာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြဇာတ်ပေါင်းများစွာ၊ သီချင်းပေါင်းများ စွာ ရေးသားဖန်တီးခဲ့သည်။

၁၉၅၇ တွင် ရုပ်ရှင်နယ်ပယ် သို့ ကူးပြောင်းကာ ရုပ်ရှင်ဇာတ် ညွှန်း အထုပ်နှစ်ဆယ်ကျော် ရေး သားခဲ့ပြီး ကိုယ်တိုင်ဒါရိုက်တာအ ဖြစ် ရုပ်ရှင်ဇာတ်ကား ၁၀ ကား ကျော် ဖန်တီးတင်ဆက်ခဲ့သည်။ စာပေလောကသို့ ၁၉၅၈ တွင် ဝင်ရောက်ခဲ့ပြီး ၁၉၉၆ တွင် ပန်းဝင်္ကပါစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိခဲ့သည်။ ယခုအချိန်ထိ လှည်းတန်းလမ်းကိုတင့်ကလောင်အမည်ဖြင့် ကဗျာများ ရေးသားနေဆဲဖြစ်သည်။

(၂)ရေပန်းစားသည့် သရုပ်ဆောင် အများစုရရှိခဲ့သည့် အကယ်ဒမီ

ယခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးနှင့် ပြေတီဦးတို့နှစ်ဦး ရေပန်းစားပြီး နေတိုးက ‘တာတေကြီး’ကားဖြင့် ရရှိခဲ့သည်။ အလားတူ အမျိုးသား ဇာတ်ပို့ဆုရရှိသူ မြင့်မြတ်လည်း ‘အမှောင်မှာ ရွာချတဲ့ မိုးတိမ် (ကျွန်)’ ဇာတ်ကားဖြင့် ဇာတ်ပို့ဆု ရရှိရန် ရေပန်းစားပြီး အကယ်ဒမီဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့သည်။ အမျိုးသမီး ဇာတ်ဆောင်ဆုအ တွက် မေသန်းနု၊ အေးမြတ်သူတို့ကို ကျော်ဖြတ်ကာ အိန္ဒြာကျော်ဇင်က ‘ရင်ဘတ်ထဲက ဓား’ဖြင့် ဆယ်စုနှစ်တစ်ခုကျော် ဝေးကွာနေခဲ့သော အကယ်ဒမီရွှေစင် ရုပ်တုပိုင်ဆိုင်ခဲ့သည်။ အထူးသ ဖြင့် ပရိသတ်အများစုကို အံ့အားသင့်စေခဲ့သည်မှာ အမျိုးသမီး ဇာတ်ပို့ဆုရှင် ပိုင်ဖြိုးသုပင် ဖြစ် သည်။ တစ်ကြိုခန့်မှန်းစာရင်းတွင် ပါဝင်သော်လည်း မြတ်ကေသီ အောင်၊ ထွန်းအိန္ဒြာဗို စသည့် ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး များကို ကျော်ဖြတ်ကာရရှိခဲ့သည်။

(၃)ထူးချွန်ဆုအားလုံးချီးမြှင့်နိုင်

ထူးချွန်ဆုပေးပွဲ အများစု တွင် ရုပ်ရှင်ဆုအမျိုးအစားစုံ ချီး မြှင့်ပေးနိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်တွင် ထူးချွန်ဆုအားလုံး ချီးမြှင့်နိုင်ခဲ့သည်။ အသံဆု၊ တည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ နောက်ခံ တေးဂီတဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ဆောင် ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ကားဆုတို့ ချီးမြှင့်ပြီး တစ်သက်တာဆု အပါအဝင် ၁၂ ဆု ချီးမြှင့်ခဲ့သည်။

(၄)ပြန်ကြားရေးဝန်ကြီးကိုစိန်ခေါ်ခဲ့သည့် အကယ်ဒမီဆုရှင်

အကယ်ဒမီပွဲမစမီ ညနေ ၅ နာရီခန့်က ပွဲကျင်းပရာ ခန်းမ ပြင်ပရှိ ကြယ်မြှောက်ထားသည့် နတ်သမီးရုပ်တု အကယ်ဒမီရွှေ စင်ရုပ်ကြီး လဲကျပြီးနောက် နတ် သမီးဘယ်ဘက်လက် ပျက်စီးခဲ့ သည်။ ပြီးခဲ့သော အကယ်ဒမီပွဲတစ်ခုက ကျေးဇူးတင်စကား ရှည်လျားစွာပြောကြားခဲ့၍ သရုပ် ဆောင် ဇော်ဇော်အောင်က ရေ သန့်ဘူးတက်ပေးခဲ့သည့် နောက် ခံတေးဂီတဆုရှင် စန္ဒရားတင်ဝင်း လှိုင်က ယခုနှစ်တွင်လည်း ‘ကွမ်းလုံ ရက် ၄၀’ ဇာတ်ကားဖြင့် ဆုထပ်မံရရှိခဲ့သည်။ ယခုတစ်ကြိမ် တွင် အကယ်ဒမီစင်မြင့်ထက်၌ ကျေးဇူးတင်စကား ရှည်ရှည်ဝေး ဝေးပြောကြားခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို ဦးတည်၍ ရင်ဖွင့်စကားပြောကြား ခဲ့သည်။


(၅)စန္ဒရားတင်ဝင်းလှိုင် ကျေးဇူးတင်စကား ပြောကြားနေစဉ် (ဓာတ်ပုံ − နစ်ကီ)

‘‘ကျွန်တော့်ကို ဆုပေးတာ၊ မပေးတာထက် ခင်ဗျားလက် ထက်မှာ ဗမာ့အသံမြေကြီးထဲမြုပ် သွားတော့မယ်။ ... ခင်ဗျားတို့ လည်း ပိုက်ဆံတွေ အရမ်းကုန်နေ ပြီးတော့ ဘာတွေကုန်နေမှန်းမသိ ဘူး။ ဆီးသီးဗန်းမှောက်ပြီး တုပ် တာ တုပ်ကြပါစေ။ ကျွန်တော်တို့ ဂီတသမားတွေ အေးအေးဆေး ဆေးလေး ဘာသာရပ်အနေနဲ့ ကျွန်တော့်ဂီတမော်ကွန်းအတွက် လုပ်နေတဲ့ဟာ ခင်ဗျားတက်လာ မှ သူငယ်ချင်းတက်လာမှ... ကျွန် တော် ခွေးလုံးလုံးဖြစ်နေပါတယ်။ ကျွန်တော် ခြေခြေမြစ်မြစ် နှစ်နှစ် ကာကာ မလွှင့်နိုင်တာ တစ်နှစ်ရှိ ပါပြီ။ ကျွန်တော် ခင်ဗျားနားကို ဘယ်လိုမှ ကပ်လို့မရပါဘူး။ ခင် ဗျားနားကိုကပ်ရင် ခင်ဗျားကို လုပ်ကြံမယ့်လူလို့များ ထင်လားမသိ ဘူး။ ကျွန်တော်တို့က လုံးဝစိတ် မဝင်စားဘူး။ ... ကျွန်တော် သီချင်းတွေ ပြန်ကူးတဲ့အခါမှာ လည်း ပိုက်ဆံအရမ်းပေးရတယ်။ ရေအရမ်းလျှံရတယ်။ ခင်ဗျား ပိုက်ဆံမပေးရင် လူအဟောင်းတွေနဲ့ သွားနေတဲ့ ဘယ်ဝန်ကြီး ဌာနမှ မရဘူး။ ပိုက်ဆံပေးရတာ ချည်းပဲ။ ကိုဖေမြင့်ကို ပြောချင်နေတာကြာလှပြီ။ တော်တော်ဒေါသ လည်းဖြစ်နေတယ်။ စိတ်မဆိုးပါ နဲ့’’ဟု အစချီကာ ပြောကြားခဲ့သော ကျေးဇူးတင်စကားသည် ပွဲခင်းတွင်းမှာရော လူမှုကွန်ရက်တွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သည်။ ထို့အပြင် ဒါရိုက်တာဆုရရှိသည့် စင်ရော်မောင်မောင်က ‘‘ကျွန်တော် ရွာသားပါ’’ဟု ပြောကြားခဲ့ပြီး မုဒြာရဲ့ခေါ်သံ ဇာတ်ကားနှင့် ပတ်သက်၍ မင်းသမီးကြီး ဆွေဇင်ထိုက် ပြောကြားခဲ့သည့် ရွာသား၊ မြို့သား ခိုင်းနှိုင်းမှုအပေါ် တုံ့ပြန်ခဲ့ခြင်းက ပွဲအတွင်းရော ပွဲပြင်ပ လူမှုကွန်ရက်စာမျက်နှာ တွင်ပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ သည်။

(၆)ဆန်ခါတင်ဇာတ်ကားများကိုပန်းချီများဖြင့် သရုပ်ဖော်

ဗီနိုင်းဓာတ်ပုံများ ခေတ် မစားမီကာလက ရုပ်ရှင်ပိုစတာ များကို ပန်းချီဖြင့် ရေးဆွဲခဲ့သည့် ပုံစံအတိုင်း ၂၀၁၇ အတွက် ဆန် ခါတင်ဇာတ်ကားများကို ပန်းချီ ကားများရေးဆွဲကာ ပွဲအ၀င်တွင် ခင်းကျင်းပြသခဲ့သည်။ အတိတ် ကာလရုပ်ရှင်တစ်ခေတ်ကို ပြန် လည်သတိရစေသလို ပန်းချီများ ၏ ကောင်းမွန်မှုကြောင့်လည်း ပွဲ ကို ပိုမိုခမ်းနားစေခဲ့သည်။

(၇)မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ် Live များ

ပရိသတ်အချို့က ၎င်းတို့ ရစေချင်သည့်မင်းသား၊မင်းသမီး များဖြစ်သည့် နေတိုး၊ မြင့်မြတ်၊ ဖွေးဖွေးတို့သာ အကယ်ဒမီရခဲ့ လျှင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ရုပ်သံတိုက်ရိုက် Live လွှင့်ကာ အ၀တ်အစားများ ချွတ်ပြမည်၊ ဘာလုပ်ပြမည်၊ ညာလုပ်ပြမည် စသည့် စတေးတပ်များ ရေပန်း စားခဲ့ပြီး ယင်းစတေးတပ်များကို စကရင်ရှော့ပြုလုပ်၍ မျှဝေမှု များရှိခဲ့သည်။ နေတိုးနှင့်မြင့်မြတ် အကယ်ဒမီရချိန်တွင် ထိုအ ကောင့်ပိုင်ရှင်အများစု၏ Live လွှင့်မှုများကို စောင့်ကြည့်သူများ ပြားခဲ့ပြီး မျှော်လင့်သလို စိတ် ကျေနပ်မှုမရခဲ့ကြောင်း မှတ်ချက် ပြုသူများလည်း ရှိသည်။


Sourced from 7DayDaily

24/3/2K18




မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်သွားမယ့် အိမ့်ချစ်


ဒီနေ့ကတော့ အဆိုတော်အိမ့်ချစ်ရဲ့ မွေးနေ့ဖြစ်ပါတယ်။
မွေးနေ့မရောက်ခင်ည ကလည်း အပျော်လေးတွေတွေးရင်း ဝမ်းသာနေတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

'' ချောင်းသာမှာ super light staff party ပွဲဆိုခဲ့ပြီး  ရန်ကုန်ခုပဲပြန်ရောက်တယ်။ အိမ်ရောက်တော့ ဒီနေ့ မနက် ၉နာရီ ဝေဠုဝန် နိကာယကျောင်းက ကလေးတွေကို လှူမယ့်မုန့်တွေ စာရေးကရိယာတွေ အရုပ်တွေ နောက်ပြီး yagon water boom မှာ ကစားတဲ့ အခါ လိုတဲ့ အဝတ်တွေ ကျောပိုးအိတ်လေးတွေ သဘက်လေးတွေ ကြည့်ပြီး ဝမ်းသာနေတာနဲ့ အိပ်ပျော်ပါ့မလားမသိဘူး အိပ်ချိန်ကလဲ ၃နာရီလောက်ပဲရှိတော့တယ်။ ဒါပေမယ့်လဲအေးဆေးပါ အပျော်တွေနဲ့ကခံနိုင်ရည်တွေဖြစ်သွားမှာ'' လို့ ဆိုပါတယ်။
အဆိုတော်အိမ့်ချစ်ဟာ သူ့ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့ အမှတ်တရလေးကို နာရီ ဝေဠုဝန်နိကာယကျောင်းက ကလေးတွေနဲ့အတူ တစ်နေ့တာဖြတ်သန်းသွားမှာဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်သာမက ကိုယ်ပိုင်စီးပွားရေး မှာလည်း ဦးစီးဦးဆောင်ပြုနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
Sourced from Duwun
30/March/2K18




Facebook အကောင့်ဟက်ခံနေရတယ်ဆိုတဲ့ လင်းလင်း


အခုလတ်လောဖြစ်ပေါ်နေတဲ့ အနုပညာရှင်တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဟက်ကာတွေက သိမ်းပိုက်သွားခဲ့ပြီး အခုလည်း အဆိုတော်လင်းလင်းရဲ့ အကောင့် အဟက်ခံနေရတယ်ဆိုတာ လင်းလင်းက ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားပြောဆိုခဲ့ပါတယ်။
''ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရက်ပိုင်းထဲ ၅ ခါရှိပြီ,, ကျနော့် အကောင့်ကိုဟက်တယ်ထင်တာဘဲ,,နိုင်ငံရေး , အနုပညာ , စီပွားရေး , လူမှုရေးစသဖြင့် ဘာကိစ္စမှ ကျနော် သောက်တင်းမပြောတက်ပါဘူး,,ကွယ်ရာမှာလဲ စောက်ဖောင်းထုတက်တဲ့ လူမျိုးမဟုတ်ဘူး,,ကိုယ့်လုပ်စရာရှိတာ လုပ်တယ်,,မကျေနပ်ရင် အပြင်မှာ ဒဲ့ရှင်းတယ်စကားနဲ့ရှင်းမရရင် မျက်နှာချင်းဆိုင် ဒဲ့ရိုက်တယ် ,,အဲဒါမောင်လင်းလင်းဘဲ '' လို့ဆိုပါတယ်။
အကောင့်ဟက်ခံရတာကို သိတဲ့ လင်းလင်းက သမီးလေးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေရှိတာကြောင့် အကောင့်ပြန်ပေး ဖို့ပြောဆိုခဲ့ပါတယ်။

'' လူထုခေါင်းဆောင်သွားတဲ့လမ်းကို သံသယမထား ဖြောင့်ဖြောင့်လိုက်တယ်,ခိုင်းတာလုပ်တယ်,သီချင်းရေးတယ် သီချင်းဆိုတယ်,, စာဖတ်စာရေး ဒီလောက်ပါဘဲ,ကျနော်လဲ ဆိုရှယ်နည်းပညာတွေ ကျွမ်းကျင်တာမဟုတ်ဘူး,,အာရုံမနောက်ပါနဲ့,,Password တွေလဲ ဘာမှမချိန်းဘူးဟက်သွားမိရင်လဲ မက်စင်ဂျာမွှေးနှောက်ပြီး ပြန်ပေးပါ,ကျုပ်သမီးတွေရဲ့ မမ်မိုရီတွေ အများကြီးရှိလို့ပါ'' လို့ သူကဆိုပါတယ်။
အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကိုပိုင်ဆိုင်ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

Sourced from Duwun
30/March/2K18





 Advertisement Area


imex