Entertainment



Terminator မင်းသားကြီးအာနိုး နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရ


အရေးပေါ် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ နာမည်ကြီး ဟောလိဝုဒ် အက်ရှင်မင်းသားကြီး အာနိုးရှဝါဇင်ဂါရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၃၀ ရက်မှာ ပြောပါတယ်။ မင်းသားကြီးအာနိုးက ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိပြန်ရလာစဉ် 'ငါပြန်လာပြီ' လို့ ပထဆုံးစကား စတင်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၇၀ နှစ်အရွယ် အာနိုးဟာ နှလုံးအဆို့ရှင် အစားထိုးရန်အတွက် ကြာသပတေးနေ့ (မတ်လ ၂၉ ရက်) က လော့စ်အိန်ဂျလိစ်ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ကတ်ချယ်လ်က ပြောပါတယ်။

မင်းသားကြီးအာနိုးက ၎င်းရဲ့ ရုပ်ရှင်အများအပြားမှာ ပြောခဲ့ဖူးတဲ့ 'ငါပြန်လာခဲ့မယ်' (I'll be back) ဆိုတဲ့ စကားလုံးဟာ ပရိသတ်များကြား ရေပန်းစားခဲ့ပြီး လိုက်လံပြောဆိုခဲ့ကြဖူးပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ရှိ Cedars-Sinai Medical Cente မှ ဆရာဝန်တွေက Terminator နဲ့ Predator စတား မင်းသားကြီးအာနိုးရဲ့ နှလုံးကို အရေးပေါ်ခွဲစိတ်ကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုဟာ နာရီအနည်းငယ် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။ အာနိုးဟာ ၁၉၉၇ ခုနှစ်ကလည်း မက္ကစီကိုမှာ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုဖြင့် နှလုံးအဆို့ရှင် အစားထိုးထားခဲ့ပါတယ်။

"၁၉၉၇ ခုနှစ်မှာ အစားထိုးလဲလှယ်ထားတဲ့ နှလုံးအဆို့ရှင်က အမြဲတမ်းအတွက် မဟုတ်ခဲ့ပါဘူး၊ အဲဒီတုန်းက အစားထိုးထားခဲ့တဲ့ နှလုံးအဆို့ရှင်သက်တမ်းက ကျော်လွန်နေပါပြီ၊ ဒါကြောင့် အာနိုးက နောက်ထပ် နှလုံးအဆို့ရှင်တစ်ခုနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ အာနိုးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အာနိုးက ၁၉၉၇ ခုနှစ်မှာ နှလုံးခွဲစိတ်ကုသခဲ့ရမှုကို ဇနီးဖြစ်သူ ရှရီဗာအား အသိမပေးခဲ့ကြောင်း ၎င်းရဲ့ Total Recall: My Unbelievably True Life Story စာအုပ်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ထိုစဉ်က မက္ကစီကိုမှာ အပန်းဖြေအနားယူနေတယ်လို့သာ ဇနီးဖြစ်သူကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်တဲ့ မင်းသားကြီးအာနိုးဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၃၈ ဦးမြောက် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ သြစတြေးလျမှာ မွေးဖွားခဲ့တဲ့ အာနိုးဟာ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Conan the Barbarian ဇာတ်ကားနဲ့အတူ ရုပ်ရှင်နယ်ပယ်မှာ လူသိများလာခဲ့ပါတယ်။

ထို့နောက် ၁၉၈၄ ခုနှစ်မှာတော့ သိပ္ပံဆန်းကြယ်ဇာတ်ကား The Terminator မှာ ခေါင်းဆောင်မင်းသာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများရကာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Terminator 2: Judgment Day (1991), Terminator 3: Rise of the Machines (2003), and Terminator Genisys (2015) ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဒါ့အပြင် အာနိုးဟာ Commando, The Running Man, Predator, Twins, Total Recall, Kindergarten Cop, နဲ့ True Lies ကဲ့သို့ အောင်မြင်တဲ့ဇာတ်ကား အများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Sourced from Duwun
2,April,2k18




‘ဒုဋ္ဌ၀တီကိုလွန်၍’ ဇာတ်ကားအတွေ့အကြုံ စွန့်စားခန်းတွေအကြောင်းပြောတဲ့ နိုင်းနိုင်း


 Golden Hour ထုတ် လုပ်ရေး၏ ပွဲဦးထွက်ဖြစ်သော ‘ဒုဋ္ဌ၀တီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားတွင် ပြင်သစ်၌နေသည့် လူငယ်တစ်ဦးအကြောင်းကြောင်းကြောင့် မြန်မာပြည်ပြန်ရောက်လာပြီး အခြားနိုင်ငံသားနှင့်အတူ ရတနာအပြိုင်လိုက်ရှာသော ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထားကြောင်း နိုင်းနိုင်းက ပြောသည်။
‘‘၂၀၁၆ တုန်းက ကျွန်တော့် ကို လာကမ်းလှမ်းတဲ့အချိန်တုန်း က ဇာတ်လမ်းဖတ်ခိုင်းပါတယ်။ ဇာတ်လမ်းဖတ်ခိုင်းတဲ့အချိန်မှာ တကယ်ဟုတ်ကော ဟုတ်ရဲ့လား၊  အဲဒီဇာတ်လမ်းအတိုင်းရိုက်မှာလားဆိုပြီး အဲဒီလိုထင်ခဲ့တယ်။ သူတို့ပြောတဲ့၊ ရေးထားတဲ့အတိုင်း တကယ်ရိုက်ခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။

‘ဒုဋ္ဌ၀တီကိုလွန်၍’ ဇာတ်ကားကို လူငယ်ဒါရိုက်တာ အာကာက ပုံဖော်ရိုက်ကူးပြီး နိုင်းနိုင်း၊ အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira နှင့် ဆန်းထွဋ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

‘‘ဒါရိုက်တာအသစ်ရဲ့ ဖန် တီးပုံဖော်မှုကိုလည်း ကြိုက် တယ်။ ကျွန်တော်ကတော့ ဘယ် လိုဒါရိုက်တာမျိုးပဲလာလာ ပြည် တွင်းဒါရိုက်တာပဲဖြစ်ဖြစ်၊ နိုင်ငံ ခြားဒါရိုက်တာပဲဖြစ်ဖြစ် ကျွန် တော့်လုပ်ဆောင်ချက်က ကျွန် တော့်ကို ပေးထားတဲ့ကာရိုက်တာ အတိုင်း ဘောင်ဝင်အောင်လုပ်ရ မှာက ကျွန်တော့်ရဲ့တာဝန်ပဲ။ ကျွန်တော့်တာဝန် ကျွန်တော်အ ပြည့်ယူတယ်။ သူ့ဘက်က တာဝန်သူအပြည့်ယူတယ်။ အဲဒီလိုဆို တော့ အလုပ်လုပ်တဲ့အခါကျ တော့ ဇာတ်ကားကပိုပြီးကောင်း သွားတယ်’’ဟု သရုပ်ဆောင် နိုင်း နိုင်းက ပြောသည်။

‘ဒုဋ္ဌ၀တီကိုလွန်၍’ ဇာတ်ကား ကို ထုတ်လုပ်ရိုက်ကူးသည့် ပရို ဂျူဆာက ဇာတ်ကားရိုက်ကူးနေစဉ် လိုအပ်သည့် ငွေကြေးကို အပြည့်အ၀ထုတ်ပေး၍ ပံ့ပိုးခဲ့သောကြောင့် ပါဝင်သူအားလုံးကောင်းမွန်အောင် ကြိုးစားခဲ့သည်ဟု ဆိုသည်။

‘‘ရီဟာဇယ်လုပ်တဲ့အချိန်မှာ ပဲ ခြေထောက်အရွတ်ထိသွား တယ်။ နာနေတဲ့ ခြေထောက်နဲ့ပဲ တစ်ကားလုံးပြီးအောင် ဆက်ရိုက်သွားတယ်။ Setting တွေလုပ်တဲ့ နေရာမှာလည်း အက်ဆီးဒင့်တွေ အများကြီးရှိခဲ့ပါတယ်။ ကြိုးတံ တားဆောက်တဲ့နေရာမှာ ကြိုးတံ တားပြတ်ကျတာတွေ   ရှိခဲ့ပါ တယ်။ တကယ်မရိုက်ခင်မှာ ပြတ် ကျသွားတာပါ။ ဒါပေမဲ့ ဘယ်သူ့ မှတော့ ထိခိုက်ဒဏ်ရာကြီးကြီး မားမားမရကြပါဘူး’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို မန္တလေး၊  အင်းဝ၊ ရန်ကုန်၊ ဘားအံနှင့် ဒုဋ္ဌ၀တီမြစ်တို့တွင် သွားရောက်ရိုက်ကူးထားသည်။

‘ဒုဋ္ဌ၀တီကိုလွန်၍’ ဇာတ်ကား အမြည်း (Teaser) ထွက်ရှိချိန်ကတည်းက ပရိသတ်အားပေးမှုရခဲ့ပြီး ဇာတ်ကားနမူနာကို လူမှုကွန်ရက်၌ တင်ချိန်တွင် ၀င်ရောက်ကြည့်ရှုသူ သုံးသိန်းခွဲခန့်ရှိခဲ့သည်။
Sourced from 7DayDaily
2,April,2k18




ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ မင်္ဂလာဆောင်တော့မယ့် နေဝင်း


Snare အဖွဲ့ဝင် အဆိုတော်နေဝင်း ဟာ ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ လက်ထပ်ပွဲကျင်းပတော့မယ်လို့ မီဒီယာတွေကနေတဆင့် အသိပေးလိုက်ပါပြီ။
'' ကျွန်တော်တို့ ရည်ရွယ်ထားတာတော့ ဒီနှစ်ထဲမှာပါပဲ။ နောက်ကျခဲ့ရင်တော့ ရှေ့နှစ်ပေါ့ ဒီလောက်ပါပဲ အဲ့လောက်ထိတော့ နောက်ကျဖို့ မရှိပါဘူး။ ကျွန်တော် နာမည်မကြီးခင်ကတည်းက သူနဲ့ကြိုက်တာ။ နာမည်ကြီးလာတော့လည်း ကျွန်တော့်အလုပ်တွေ သူဝိုင်းကူလုပ်ပေးသလို သူ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူပေးတယ်။ သူ့ကို ရွေးချယ်ခဲ့တာကလည်း ချစ်လို့ပဲပေါ့'' လို့
ဆိုပါတယ်။
မင်္ဂလာနေ့ရက်တွေကိုတော့ သေချာလေး သတ်မှတ်ပြီးရင် ပြန်ပြောမယ်လို့ ဆိုပါတယ်။

'' မင်္ဂလာပွဲကတော့ ကျွန်တော်တို့ စီစဉ်နေတုန်းပါပဲ။ မသေချာသေးပါဘူး တော်ကြာ Date တွေဘာတွေ ပြောလိုက်ပြီးတော့မှ လွဲချော်သွားခဲ့ရင် မကောင်းဘူး။ တစ်ခုခု အဆင်မပြေဖြစ်သွားရင် မကောင်းဘူး။ အဲ့ဒါကြောင့် သေသေချာချာလေး လုပ်ပြီးရင် Confim ဖြစ်သွားရင် ကျွန်တော်ပြောမှာပါ'' လို့ ဆိုပါတယ်။
နေဝင်းရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ နေဝင်းကိုယ်တိုင်ကလည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေးကိုယ်စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် နေဝင်း ကတော့ ချစ်သူရ ကံကောင်းသူပါပဲ။
Sourced from 7DayDaily
4/April/2k18




ယမန်နေ့က မိုးရွာ သွန်းမှုကြောင့်ပန်းဘဲတန်းမြို့နယ် နောက်ဖေးလမ်းကြားဥယျာဉ်ပျက်ခဲ့ရ


ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း ယမန်နေ့က မိုးရွာ သွန်းမှုကြောင့် ပျက်ခဲ့ရသည်။

အေးဝတ်ရည်သောင်းက ကလေးငယ်များနှင့်အတူ ရှေး ဟောင်းဓာတ်ပုံများကို ချိတ်ဆွဲ ခြင်းနှင့် စကိတ်အလှစီးနင်းခြင်း ပြသရန် စီစဉ်ခဲ့သော်လည်း ရုတ် တရက် မိုးရွာသွန်းမှုကြောင့် ၎င်း တစ်ဦးတည်းသာ ဓာတ်ပုံများကို လိုက်လံချိတ်ဆွဲကြည့်ရှုခဲ့သည်။

‘‘မိုးရွာပေမယ့် အရင်စီစဉ် ထားတာတွေကြောင့် လာဖြစ် အောင် လာခဲ့တာပါ။ ဒီမှာ အံ့သြ လောက်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်’’ဟု အေးဝတ်ရည် သောင်းက ပြောသည်။

နောက်ဖေးလမ်းကြား၌ ရှေးဟောင်းဓာတ်ပုံများ ချိတ်ဆွဲထား ခြင်းနှင့်အတူ စကိတ်ကွင်း၊ ပိုက် ကျော်ခြင်း၊ ကြက်တောင်နှင့် ဝိတ် မသည့်နေရာများကို ကလေးများ အတွက် ပြုလုပ်ပေးထားကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောသည်။

‘‘ကလေးတွေအတွက် လွတ် လွတ်လပ်လပ် ကစားလို့ရတဲ့ ကစားကွင်းတွေမရှိဘူး။ လူကြီး တွေအတွက် အနားယူတဲ့နေရာ မရှိတော့ အခုလို စီစဉ်ရတာပါ။ အခုဆို အားကစားပါထည့်ထား တဲ့အတွက် ပရော်ဖက်ရှင်နယ်ကျ ကျ ကစားလို့ရသွားပြီ’’ဟု ၎င်းက ဆိုသည်။

နောက်ဖေးလမ်းကြားဖွင့်ပွဲ ကို ဧပြီ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ကလေးများကစားနိုင် ရန် စီစဉ်ထားကြောင်း တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက ပြောသည်။
Sourced from 7DayDaily
4/April/2k18




A QUIET PLACE ရဲ့ ရုပ်ရှင် အကြိုခံစားခြင်း


အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။

လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။

အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။

ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက  မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။

အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။

တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။

ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။
Sourced from 7DayDaily
4/April/2k18


 Advertisement Area


imex