Aung Thitsa Oo

Show Adv   Call
       5.42 K   View

Category: Insurance Company

Aung Thitsa Oo

  # 01-04, Union Financial Centre (UFC), Cor. of Maha Bandoola Rd. and Thein Phyu Rd., Botahtaung Tsp., Yangon

   01-8610342,  01-8610345

  aungthitsaooins@gmail.com

  www.aungthitsaooins.com

  Company Info..

၁။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ( ၃ ) ရက် နေ့တွင် ကုမ္ပဏီ မှတ်ပုံတင်ပြီး  ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပေးရန်တာဝန် ကန့်သတ်ထားသည့်   အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိကအာမခံကုမ္ပဏီ ဖြစ်ပါသည်။ အသက်အာမခံ(Life Insurance) နှင့် အထွေထွေအာမခံလုပ်ငန်း (General Insurance) နှစ်ရပ်လုံးလုပ်ကိုင်ဆောင်ရွက်သော အာမခံကုမ္ပဏီ အမျိုးအစား (Composite Insurance Company) ဖြစ်ပါသည်။

၂။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှထုတ်ပေးသော လုပ်ငန်းလိုင်စင်ကို ၂၀၁၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင်ရရှိခဲ့ပြီး မေလ (၂၈) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။

 ၃။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဖြင့်လည်းကောင်း အာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်လျက်ရှိပါသည်။

၄။ “ဆုံးရှုံးမှုအန္တရာယ်ဘေး မျှဝေခံစားပေးမှာ အောင်သစ္စာဦးအာမခံပါ” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အာမခံအကာအကွယ်ဖြင့် တစ်ဖက်တစ်လမ်းမှ စောင့်ရှောက်လျက်ရှိ ပါသည်။

၅။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်၏ ရည်ရွယ်ချက်မှာ-

(က) နိုင်ငံတော်၊ နိုင်ငံသားနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းရှင်များ အကျိုးစီးပွား ကို အာမခံအကာအကွယ်ဖြင့် စောင့်ရှောက်ရန်။

(ခ) နိုင်ငံတော်၊ နိုင်ငံသားနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းရှင်များ ယုံကြည်အားထားရသော အာမခံအဖွဲ့ အစည်းဖြစ်ရန်။

(ဂ) အာမခံပညာနှင့် အာမခံလုပ်ငန်းရှင်သန်တိုးတက် ထွန်းကားရေး အတွက် ပံ့ပိုးဆောင်ရွက်ရန်။

မတည်ရင်းနှီးငွေ (Paid-up Capital)

၆။ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ပုဒ်မ၇(ခ) အရ သတ်မှတ်ထားသော ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ (Paid-up Capital) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်

(က) ကျပ်သန်း (၄၆) ဘီလီယံ

(ခ)  အမေရိကန်ဒေါ်လာ (၅)သိန်း

ရုံးချုပ်တည်နေရာ

၇။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်ရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ယူအက်ဖ်စီ အဆောက်အဦ (Union Financial Centre, UFC) ၊ မြေညီထပ်၊ အခန်း(ဝ၁-ဝ၄) တွင် တည်ရှိပါသည်။

(ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ဝ၁-၈၆၁၀၃၄၂ နှင့် ဝ၁-၈၆၁၀၃၄၅ ဖြစ်ပြီး Fax နံပါတ်မှာ ဝ၁-၈၆၁၀၃၄၃ နှင့် ဝ၁-၈၆၁၀၃၄၄ တို့ဖြစ်ပါသည်။ Hotline No: ဝ၉-၄၅၀၄၅၀၅၆၁၊ ဝ၉-၄၅၀၄၅၀၅၆၂၊ ဝ၉-၄၅၀၄၅၀၅၆၃ ဖြစ်ပါသည်။)

၈။ အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက် (မန္တလေးရုံးခွဲ)သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၄ လမ်း၊ လမ်း၈၀ နှင့် ၈၁ လမ်း အကြား၊ အမှတ် (၁၃၆)တွင် တည်ရှိပါသည်။ (ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ဝ၂-၆၉၀၄၇၊ ဝ၂-၆၉၀၄၈ နှင့် Fax နံပါတ်မှာ ဝ၂-၂၃၃၈၅ ဖြစ်ပါသည်။)

၉။ မကွေးရုံးခွဲသည် မကွေးမြို့၊ အမှတ်(၃၀၉)၊ အဝေယျာလမ်း၊ ရန်မျိုးနိုင် ရပ်ကွက်တွင် တည်ရှိပါသည်။( ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ဝ၆၃-၂၈၇၃၁ နှင့် Fax နံပါတ်မှာ ဝ၆၃-၂၈၇၃၂ ဖြစ်ပါသည်။)


  Product & Services


  PUBLIC LIFE INSURANCE
   GROUP LIFE INSURANCE
   SNAKE BITE LIFE INSUARNCE
   SPORTSMEN LIFE INSURANCE
   FARMERS LIFE INSURANCE
   SHORT TERM ENDOWMENT INSURANCE
   FIRE INSURANCE
   COMPREHENSIVE MOTOR INSURANCE
   CASH IN TRANSIT INSURANCE
   CASH IN SAFE INSURANCE
   FIDELITY INSURANCE
   SPECIAL TRAVEL INSURANCE
   HEALTH INSURANCE
   MARINE CARGO INSURANCE
   PERSONAL ACCIDENT INSURANCE
   MARINE HULL INSURANCE
   TRAVEL INSURANCE
   OVERSEA MARINE CARGO INSURANCE



  Adv Photo Gallery



   Send message to this supplier


  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories