Han Myanmar Construction Co., Ltd. (HMC)

       1.89 K   View

Category: Piling Contractors

Han Myanmar Construction Co., Ltd. (HMC)

  19/20, Cor. of Myawaddy Mingyi St. and U Shwe Mue St., Ind. Zone (4), Shwe Pyi Tha Tsp., Yangon

   09-783547402,  09-250499632

  hanmyanmar.marketing@gmail.com

  Company Info..

ကျွန်တော်များ HAN MYANMAR CONSTRUCTION CO., LTD. အား ၂၀၁၃~၂၀၁၄ ခုနှစ် ဘဏ္ဏာရေးနှစ်တွင် နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခဲ့ပြီး ရုံးတွင်းဌာန (၉)ဌာန၊ ဝန်ထမ်းအင်အား (၁၅၄)ဦးဖြင့် စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ပိုင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုင်ရိုက်ခြင်းလုပ်ငန်းနှင့် Static Pile Load Test လုပ်ငန်းတို့အတွက် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (CQHP)၏ စိစစ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တို့၏ ခွင့်ပြုမိန့် Licence No (PL-08) အား ရရှိခဲ့ပြီး ဖြစ်ပါသည်။

ထို့အတူ ပိုင်ထုတ်လုပ်ခြင်းလုပ်ငန်းအား ရွှေပြည်သာ စက်မှုဇုန်ရှိမြေကွက်ကျယ်ပေါ်တွင်လည်းကောင်း၊ ပိုင်ရိုက်/ပိုင်တူးခြင်းလုပ်ငန်းနှင့် Static Pile Load Test လုပ်ငန်းအား ခေတ်မှီ စက်သစ်ကြီးများဖြင့်လည်းကောင်း အတွေ့အကြုံရင့် ကျွမ်းကျင်ဝန်ထမ်းများမှ စနစ်တကျ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်များ ကုမ္ပဏီမှ ယခင်နှစ်များအတွင်း ပြည်တွင်းကုမ္ပဏီများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက် ခဲ့ပြီး နာမည်ကောင်းများ ရရှိခဲ့ပါသည်။

ယခု ၂၀၁၇~၂၀၁၈ ခုနှစ် ဘဏ္ဏာရေးနှစ်တွင်လည်း အဆင့်မြင့်ကွန်ဒို ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ ဟိုတယ်ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ ဆီသိုလှောင်ကန်များ ဆောက်လုပ်ခြင်းတွင်လည်းကောင်း၊ စက်ရုံ အလုပ်ရုံနှင့် သိုလှောင်ရုံများ ဆောက်လုပ်ခြင်းတွင်လည်းကောင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်များကုမ္ပဏီမှ ယခင်နှစ်များအတွင်း Press Pile လုပ်ငန်းအား အဓိကထား ဆောင်ရွက်နေသော်လည်း ၂၀၁၇~၂၀၁၈ ခုနှစ်ဘဏ္ဏာရေးနှစ်တွင် Bore ပိုင်တူးခြင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအား ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လျာထားပါသည်။



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories