Oakkalapa King

       1.38 K   View

Category: Arts and Crafts

Oakkalapa King

  Infront of Gate 3 and 4, Yangon International Airport Bldg. (2), Mingalardon Tsp., Yangon

   01-3642324,  01-3646436

  okkalapaking@gmail.com

  Company Info..

OakKaLaPa King Fancy & Souvenir Shop တွင် မြန်မာ့ရိုးရာ လက်မှု ပစ္စည်းများ ဖြစ်သော ယွန်းထည်၊ ရွှေချည်ထိုး၊ ရုပ်သေးရုပ်များ၊ မြန်မာ့စောင်း၊ ပတ္တလား၊ သဲပန်းချီ၊ ကြေးပန်းချီ၊ ကျောက်ပန်းချီ၊ ကမာပန်းချီ၊ ကမာနှင့်ပြုလုပ်သည့် အသုံးအဆောင် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ အဝတ်အထည်များ၊ ဝါးထည်၊ လျှော်ထည်၊ ကြိမ်ထည်၊ ပန်းပု၊ ပယင်း၊ ကျောက်စိမ်း၊ ပုလဲစသည့် လက်ဝတ်ရတနာများ အပြင် agate ၊ topaz ၊ quartz၊ သန္တာကျောက် ၊ ကမာပုလဲ ၊ 925 စသည့် ဖဲန်စီပစ္စည်းများ၊ Shopping bags၊ ချည်ထည် အသုံးအဆောင်များ၊ ခြုံထည် သဘက်များ၊ Hand made postcards စသည့် ပစ္စည်းမျိုးစုံတို့ကို ကျယ်ပြန့်သော ဆိုင်ခန်းမတွင် ဖွင့်လှစ်ရောင်းချလျှက် ရှိပါသည်။

မိမိ၏ နေအိမ်တွင်၊ အလှဆင်ရန်အတွက် ဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းများအား အမှတ်တရ လက်ဆောင် ပေးရန်အတွက် ဖြစ်စေ၊ မင်္ဂလာလက်ဖွဲ့၊ အိမ်သစ်တက်၊ ဆိုင်သစ်ဖွင့်ပွဲ တို့တွင် အမှတ်တရ ပေးရန်ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ ပညာတော်သင်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ သွားရောက်လျှင် မိမိပြည်တွင်းဖြစ် ရိုးရာ ပစ္စည်းအား အမှတ်တရ ယူဆောင်သွားရန်အတွက် ဖြစ်စေ၊ အထူးပင် သင့်လျှော်သည့် မြန်မာ့ရိုးရာ လက်မှု ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျှက် ရှိပါသောကြောင့် လာရောက်ကြည့်ရှု အားပေးနိုင်ပါကြောင်း မိတ်ဆွေများအား ချစ်ခင်လေးမြတ်စွာ ဖိတ်ခေါ်အပ်ပါသည်။ 

OakKaLaPa King Fancy & Souvenir Shop ဆိုင်တွင်ရှိသည့် လက်မှုပစ္စည်းများ၊ Fancy ပစ္စည်းများကို Online ပေါ်တွင်လည်း မကြာသော ကာလတွင် ရောင်းချပေးတော့မည် ဖြစ်ပြီး မှာယူသည့်ပစ္စည်းများကို အနယ်နယ်အရပ်ရပ်သို့ ကားဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးမည် ဖြစ်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။



  Adv Photo Gallery



   Send message to this supplier


  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories