MMM Car Service

Show Adv   Call
       2.17 K   View

Category: Car Dealers, Reps. and Showroom

MMM Car Service

  19/20, Baho Rd., Ward (2), (7) Ward, Kamayut Tsp., Yangon

   09-797985859,  09-978338339

  mmmcarsalecenter@gmail.com

  www.mmmcarsalescenter.com

  Company Info..

ပြည်တွင်းမှ မော်တော်ကားချစ်သူ မိတ်ဟောင်း၊ မိတ်သစ်များ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်ဖြင့် ပိုမိုအဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင် စေရန်အတွက် . . .

ပထမအဆင့်   –   ဝန်းရံခ Car Sales Center  ( ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဧပြီလအထိ )

ဒုတိယအဆင့် –   JPM Car Sales Center ( ၂၀၁၂ ခုနှစ်မှ ယနေ ့တိုင် )  တို ့တွင် ပူးတွဲဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးမင်းမင်းမောင် နှင့် ဦးထိန်လင်းအောင်တို ့မှ  ယခု  MMM Car Sales Center ကို  တတိယအဆင့် အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လ၌ တိုးချဲ ့ဖွင့်လှစ်ခဲ့ပါသည်။

MMM Car Sales Center တွင် မြန်မာနိုင်ငံရေမြေသဘာဝနှင့် ကိုက်ညီမှုရှိစေမည့် မော်တော်ယာဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း စံချိန်စံညွှန်းများနှင့် ပြည့်စုံမှုရှိသည့် မော်တော်ယာဉ်များကို တင်သွင်းရောင်းချလျက်ရှိပြီး

မြန်မာ့ကားဈေးကွက်နှင့် ရင်းနှီးမှုအရှိဆုံး အမှတ်တံဆိပ်များဟုဆိုရမည့် Toyota, Lexus, Honda, Mitsubishi, Mazda, Nissan, Daihatsu ကားများအပြင် Mercedes, BMW, Volkswagen, RangeRover စသော ဥရောပအမှတ်တံဆိပ်မော်တော်ကားများကို

  • မှန်ကန်သော စေတနာ
  • ပြည့်ဝသော အရည်အသွေး
  • ထိုက်တန်သော ဈေးနှုန်း
  • ကောင်းမွန်သော ဝန်ဆောင်မှု      

များဖြင့် တင်သွင်းရောင်းချပေးလျက်ရှိပါသည်။


ထို့ပြင် MMM Car Sales Center ၏ မိတ်ဟောင်းမိတ်သစ်များ မော်တော်ကားတစ်စီးချင်း၏ မော်ဒယ်၊ ဒီဇိုင်း၊ ဂရိတ်၊ အင်ဂျင်ပါဝါ နှင့်အရောင်တို ့ကို စိတ်တိုင်းကျ နှိုင်းယှဉ်ဝယ်ယူနိုင်စေရန်အတွက် မော်တော်ကားအမျိုးအစားစုံကို တစ်နေရာထဲ၌ ခင်းကျင်းပြသပေးထားသည်။ ဝယ်ယူသူများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူစေရန်အတွက် ရန်ကုန်မြို ့၏ အချက်အချာဖြစ်သော ဗဟိုလမ်းမကြီး( နာနတ်တော ခုံးကျော်တံတားအနီး ) တွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါသည်။

MMM Car Sales Center ၌ မော်တော်ကားတစ်စီးချင်းစီကို မျက်မြင်ကြည့်ရှု၍ စမ်းသပ်စစ်ဆေးဝယ်ယူနိုင်မည့်အပြင် ပြည်ပမှ လေလံဆွဲ၍ ဝယ်ယူလိုသူများအတွက်လည်း ဝန်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို ့ဝန်ဆောင်ပေးရာတွင်လည်း ကား၏ Option ကိုကြည့်ပြီး သင့်တင့်မျှတသည့် ဈေးကိုခန် ့မှန်းတွက်ချက်ကာ လေလံဆွဲပေးပါသည်။

အရောင်းပြခန်းရှိ ကားများကိုလည်း နံပါတ်ယူ၊ လိုင်စင်စာအုပ်ရရှိပြီးသည်အထိ ဝန်ဆောင်ပေးပါသည်။

လက်ငင်းငွေချေစနစ်အပြင် အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအတွက်လည်း ရိုးမဘဏ်၊ ဧရာဝတီဘဏ်များနှင့် ချိတ်ဆက်၍ ၁ နှစ်အရစ်ကျငွေသွင်းစနစ်၊ ၂ နှစ်အရစ်ကျငွေသွင်းစနစ်ဖြင့် လိုသလို ရွေးချယ်ဝယ်ယူနိုင်စေရန် စီစဉ်ထားရှိပါသည်။

ဝယ်ယူပြီးကားအား ပြန်ရောင်းလိုသူ၊ အလဲအထပ်ပြုလုပ်လိုသူများအတွက်လည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြန်လည်ဝန်ဆောင်ပေးပါသည်။

ဝယ်ယူသွားသည့် ကား၏ Spare Part ပစ္စည်းကို ပြည်တွင်း၌ဝယ်ယူရန် မလွယ်ကူပါက ဂျပန်မှ တိုက်ရိုက်မှာယူတင်သွင်း ပေးပါသည်။



  Adv Photo Gallery



   Send message to this supplier


  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories