KS Body ကို ဘာကြောင့် ရွေးချယ်သင့်သလဲ
အလေးချိန်ပေါ့ပါးခြင်း (Light Weight)
- Premium Glass Fiber Reinforced Plastic (GFRP) အမျိုးအစားကို Base Material အဖြစ်အသုံးပြုထားပါတယ်။
- ပျှမ်းမျှအားဖြင့် FRP သည် အရွယ်အစားတူသံပြားတစ်ချပ်ထက် ၅.၅ ဆ အလေးချိန်လျော့နည်းပြီး အရွယ်အစားတူ အလူမီနီယံပြားတစ်ချပ်ထက် ၇၅ ရာခိုင်းနှုန်း ပိုမိုပေါ့ပါးမှုရှိပါတယ်။
- KS Body ကို အသုံးပြုခြင်းအားဖြင့် ယခင့်ထက်များပြားပြီးပိုမိုလေလံသည့် ကုန်ပစ္စည်းများ တင်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
မာကြောတောင့်တင်းခြင်း (Strong & Hard)
- ဒီဘောက်ပုံးတွေက မညီညာတဲ့လမ်းကြမ်းတွေမှာ လေးလံတဲ့ကုန်ပစ္စည်းတွေကိုတင်ဆောင်နိုင်ပါ့မလား?
- KS Body ဘောက်ပုံးသည် အလေးချိန်ပေါ့ပါးတဲ့အပြင် မာကျောတောင့်တင်းမှုလည်းရှိပါတယ်။
- FRP ကို အလေးချိန်တူ သံမဏိ နှင့် သစ်သားပြားများနှင့် နှိုင်းယှဉ်ကြည့်ပါက FRP သည် မာကျောတောင့်တင်းမှုအပိုင်းတွင် ထိပ်ဆုံးမှာရှိနေလိမ့်မည်ဖြစ်သည်။
သံချေးမတက်ခြင်းနှင့် ရေစိုခံခြင်း (Rustless & Waterproof)
- သံချေးတက်မှာ ဒါမှမဟုတ် သံချေးတက်တဲ့ နေရာကနေ ရေစိမ့်ဝင်မှာ စိုးရိမ်နေပါသလား?
- မှန်ကန်တဲ့ ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ FRP ဟာ သံချေးတက်တဲ့ အန္တရာယ်ကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
- မိုးရေ နဲ့ ဆားငန်ရေတွေနဲ့ ထိတွေ့နိုင်မယ့် ကုန်ပစ္စည်းမျိုးကို လိုအပ်တယ်ဆိုရင်တော့ KS Body က သင့်အတွက်ပါပဲ။
ပြုပြင်ထိန်းသိမ်းရာတွင် လွယ်ကူမှုရှိခြင်း (Easy Repair & Maintenance)
- KS Body သည် ပြုပြင်ထိန်းသိမ်းရာတွင်လည်း ကုန်ကျစရိတ်အထူးသက်သာပါတယ်။
- အလူမီနီယံနဲ့ သံပြားတွေဟာ အလွယ်တကူပျက်စီးယိုယွင်းနိုင်ပြီး ပြန်လည်ပြုပြင်ရာမှာ ကုန်ကျစရိတ်နဲ့ အချိန်များစွာပေးရပါတယ်။
- ဒါပေမယ့် FRP ကတော့ အထက်ပါအချက်တွေမလိုအပ်ပါဘူး။ စရိတ်စကသက်သာစွာနဲ့ လိုအပ်တဲ့အပိုင်းကို ပြုပြင်နိုင်ပါတယ်။
- ဒါကြောင့် KS Body ဟာ မာကျောတောင့်တင်းပြီးကြာရှည်ခံတဲ့အပြင် ပြုပြင်ထိန်းသိမ်းရာမှာလည်း ကုန်ကျစရိတ်အထူးသက်သာပါတယ်။