Royal Shwe Baho

       312   View

Category: Clinics - Dental

Royal Shwe Baho

  1/33, Thamain Bayan Rd., Shwe Baho Hospital, Tamwe Tsp., Yangon

   09-258121038,  09-785047517

  Company Info..

ROYAL SHWE BAHO Dental Specialist & Maxillofacial Center တွင်
(၁) သွားနှင့် ခံတွင်း ကျန်းမာရေး အခြေအနေ စစ်ဆေး ဆွေးနွေးပေးခြင်း (Consultation & Check Up)
(၂) နိုင်ငံခြားသို့ အချိန် ကြာမြင့်စွာ သွားရောက်မည့် သူများ အတွက် သွားနှင့် ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကုသပေးခြင်း (Before Foreign Visit check up)
(၃) သွားဖာခြင်း (Tooth Filling)
(၄) သွားနုတ်ခြင်း (Tooth Extraction)
(၅) သွားစိုက်ခြင်း ( အသေ/ အရှင် ) (Dental Prosthesis)
(၆) သွားကျောက်ခြစ်ခြင်း (Scaling and Polishing)
(၇) သွားစိန်ကပ်ပေးခြင်း (Skyce)
(၈) သွားများဖြူဖွေးလှပစေရန် ပြုပြင်ပေးခြင်း (Whitening Treatment)
(၉) သွား အလှပြုပြင်ခြင်း (Direct and Indirect Veneers)
(၁ဝ) သွားမြစ်အကြောထုတ်ကုသခြင်း (Root Canal Treatment)
(၁၁) သွားညှိကုသခြင်း (Orthodontic Treatment)
စသည့် ပုံမှန် သွားနှင့်ခံတွင်းကုသမှုများကို ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ရရှိနိုင်သလို ခွဲစိတ်အထူးကု သွားနှင့်ခံတွင်း စင်တာ ဖြစ်သည့် အားလျော်စွာ အောက်ပါ ခွဲစိတ်ကုသမှု အမျိုးမျိုးကိုလည်း ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်...
(၁) နှုတ်ရခက်ခဲသော အံဆုံးသွားများကို ခွဲစိတ် ဖယ်ရှားခြင်း ( Impacted teeth Surgical Removal)
(၂) ခံတွင်းနှင့် မျက်နှာ မေးရိုး တဝိုက်ရှိ အလုံး၊ အဖု၊ အကျိတ်၊ အနာများကို ခွဲစိတ်ဖယ်ရှားပေးခြင်း (Surgical Excision of Lumps, swelling, Ulcers)
(၃) မေးရိုးကျိုး လူနာများကို ပြန်လည် ကောင်းမွန်သည့် အထိ ကုသပေးခြင်း (Fracture Mandible Treatment)
(၄) မျက်နှာ နှင့် ဦးခေါင်းတဝိုက် ထိခိုက် ဒဏ်ရာ ရရှိမှုများကြောင့် အရေပြား ဆုတ်ပြဲခြင်း၊ နဖူးပြဲ၊ သွားဖုံးကွဲ၊ ပါးကွဲ လူနာများကို အမာရွတ် အနည်းဆုံးနှင့် ပျောက်ကင်းအောင် ကုသမှုပေးခြင်း (Soft tissue Trauma Treatments)
(၅) ခံတွင်း ကင်ဆာ လူနာများကို ခွဲစိတ်ကုသပေးခြင်း (Oral Cancer Treatment)
(၆) အသားစ ယူရန် လိုအပ်သော အနာများ၊ အလုံးများကို အသားစ ယူပေးခြင်း ( Biopsy)
(၇) သွားခြေ အရေအိတ် နှင့် အကျိတ်များ ခွဲစိတ်ဖယ်ရှားပေးခြင်း ( Cyst and Tumour Removal)
(၈) သွားဖုံးများအားညီညှာလှပစေရန်ပြုပြင်ခြင်း (Dental Periodontal Surgery)
(၉)သွားများအားပုံမှန်ထက်ရှည်လျားလှပအောင်ခွဲစိတ်ပြုပြင်ခြင်း (Crown Lengthening Surgery)
(၁ဝ) သွားခြေပေါ်နေသော သွားများကို ပြန်ကောင်းအောင် သွားဖုံးရိုး အစားထိုးကုသပေးခြင်း (Periodontal Suregry) နှင့်
(၁၁) သွားမြစ်တု အစားထိုး ခွဲစိတ်ကုသမှုများ ( Dental Impant Surgery)
ထို့အပြင် မြန်မာနိုင်ငံတဝန်းမှာ ထင်ရှားတဲ့ အခမဲ့ ကုသိုလ်ဖြစ် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ NewLook NewLife Charity Cleft Foundation နဲ့ ပူးပေါင်း၍ အောက်ပါ ဝန်ဆောင်မှုများကို အခမဲ့ (အခမဲ့) ပြုလုပ်ပေးလျက် ရှိပါတယ်...
(၁) နှုတ်ခမ်းကွဲ လူနာများကို နှုတ်ခမ်း ခွဲစိတ်ပြုပြင်ပေးခြင်း (Cleft Lip surgery)
(၂) အာခေါင်ကွဲ လူနာများကို အာခေါင် ခွဲစိတ်ကုသပေးခြင်း (Cleft Palate Surgery)
(၃) သွားဖုံးရိုး အစားထိုးရန် လိုအပ်သော လူနာများကို သွားဖုံးရိုး အစားထိုးကုသပေးခြင်း ( Cleft Alveolar Bone Grafting)
(၄) နှုတ်ခမ်း ပြုပြင်ပြီး ဖြစ်သော်လည်း စိတ်တိုင်း မကျသော လူနာများကို ခွဲစိတိပြုပြင်ပေးခြင်း ( Secondary Lip Reapir)
(၅) မွေးကင်းစ နှုတ်ခမ်းကွဲ ကလေးများ၏ မိသားစုများကို နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း ( Prenatal and Natal Councelling)
(၆) စကား မပီသော လူနာများအတွက် အသံစစ်ဆေးပေးခြင်းနှင့် လေ့ကျင့်ပေးခြင်း (Speech Assessment and Therapy)
ရောဂါ ရှာဖွေ ရေးအတွက် Full Mouth Panoramic Digital Dental X-Ray စက် တပ်ဆင်ထားတဲ့ Shwe Baho Dental X-ray Center နဲ့ ချိတ်ဆက် ဆောင်ရွက်ပေးထားပါတယ်..



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories