Tun Hein Kywe Co., Ltd.

Show Adv   Call
       6.07 K   View

Category: Roofing Materials

Tun Hein Kywe Co., Ltd.

  Shed 23, Rm# 8~10, Padamyar 3rd St., Sawbwagyigone, Insein Tsp., Yangon

   01-3642764,  01-9640239

  Company Info..

မင်္ဂလာပါ။ လူကြီးမင်းတို့အား ကျွန်ုပ်တို့ကုမ္ပဏီနှင့် မိတ်ဆက်ပေးပါရစေ။

ကျွန်တော်များ ထွန်းဟိန်းကြွယ် ကုမ္ပဏီလီမိတက်သည် လူကြီးမင်းတို့၏ Steel Structure အဆောက်အအုံများအတွက် လိုအပ်မည့် သံချောင်း, သံထည်ပစ္စည်းမျိုးစုံနှင့် လိုင်းသွပ်, ကာလာစတီးအမိုးပြားတို့ကို ပြည်ပနိုင်ငံများမှ ကိုယ်တိုင်မှာယူ တင်သွင်း၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် လက်လီ/လက်ကား ပြန်လည်ဖြန့်ဖြူးရောင်းချကာ ဈေးကွက်အတွင်း နာမည်ကောင်းဖြင့် ရပ်တည်နေသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

ထို့ပြင် ဝန်ထမ်းအင်အား ရာကျော်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သည့်အပြင် နိုင်ငံတော်သို့ပေးသွင်းရသည့် အခွန်ငွေများကိုလည်း အချိန်မှန်မှန် တိတိကျကျ မှန်မှန်ကန်ကန် ပေးသွင်းထားသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း တစ်တပ်တအား ဂုဏ်ယူစွာဖြင့် ပါဝင်ခွင့်ရနေသော ကုမ္ပဏီလုပ်ငန်းကြီး တစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် သံထည်ကုန်ချောပစ္စည်းများဖြစ်သော သံချောင်း, သံကွိုင်, Hဘင့်, Iဘင့်, Uဘင့်, ဟင်္ဂလန်, ဝင်ရိုး, GI ဟော်လို, သံပြား, အဖြူပြား, ပန်းပြား, ဖလက်ပြားစသည့် ပစ္စည်းမျိုးစုံကို ပြည်ပနိုင်ငံများမှ တင်သွင်း ဖြန့်ချိလျက် ရှိသည့်အပြင်

C ချန်နယ် (သစ်အစားထိုးသွပ်ရည်စိမ် အမိုးမျှားတန်း), Floor Decking Sheet (ကွန်ကရစ်အခင်းသုံးကြမ်းခင်းပြား), လိုင်းသွပ်, ကာလာစတီးအမိုးပြား, ပလိန်းလိပ်, ကွိုင်လိပ် နှင့် အိမ်အမိုးပိုင်းဆိုင်ရာပစ္စည်းမျိုးစုံတို့အတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း၍ ကျွန်ုပ်တို့စက်ရုံရှိ နိုင်ငံတကာအဆင့်မီ စက်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် ကုန်ချောပြန်လည်ထုတ်လုပ်၍ မြန်မာပြည်အနှံ့ ဖြန့်ချိရောင်းချပေးလျက် ရှိပါသည်။

အထက်ပါပစ္စည်းများအနက် လူကြီးမင်းတို့အလိုရှိသည့် မည်သည့်ပစ္စည်းကိုမဆို (အထူ/အပါး/ဆိုဒ်စုံ/ပေစုံ/ဒီဇိုင်းစုံ) တို့ကို တစ်နေရာတည်းတွင် ဈေးနှုန်းချိုသာစွာဖြင့် စိတ်တိုင်းကျ လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်

အဆောင် (၂၃), အခန်း (၈/၉/၁၀), ကျောက်စိမ်း (၃) လမ်းထောင့်, ဘုရားလေးအနီး, စော်ဘွားကြီးကုန်းပွဲရုံဝင်း, အင်းစိန်မြို့နယ်, ရန်ကုန်မြို့။

☎ 01-9640239, 01-642764,

09-973474199, 09-766867997, 09-263063337, 09-794440484

Viber > 09-973474199



  Adv Photo Gallery


  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories